မျက်ကပ်မှန်တပ်ဆင်သူများ သိထားသင့်သောအချက်များ

မျက်ကပ်မှန်ကို ပါဝါအတွက်ဖြစ်ဖြစ် အလှတပ်အတွက်ပဲဖြစ်ဖြစ် တပ်ဆင်သူတွေများလာတာနဲ့အမျှ သေချာစနစ်တကျမတပ်လို့ဆိုးကျိုးရှိလာတာတွေလည်းရှိနေပါတယ်
မျက်ကပ်မှန်ဟာအသုံးပြုရတာသက်တောင့်သက်သာရှိသလောက်
ဆိုးကျိုးဖြစ်လာပြီဆိုရင်လည်း မျက်ကြည်လွှာဆုံးရှုံးတဲ့ထိအန္တရာယ်များလို့ရေးပေးလိုက်ပါတယ်

သင့်အမူအကျင့်
-မျက်ကပ်မှန်ကိုမကိုင်တွယ်မီလက်ကိုဆပ်ပြာဖြင့်စင်ကြယ်အောင်ဆေး
ပြီး ခြောက်အောင်သုတ်ပါ
-ဆရာဝန်မညွန်ကြားဘဲမျက်ကပ်မှန်တပ်ပြီးအိပ်ပျော်သွားတာမျိုးကိုမဖြစ်ပါစေနှင့်
-မျက်ကပ်မှန်ကိုရေထိခြင်းမဖြစ်ပါစေနှင့်- ရေချိုးခြင်း ရေကူးခြင်း ရေနွေး
စိမ်ခြင်း တို့မပြုလုပ်ခင်မျက်ကပ်မှန်ကိုချွတ်ထားပါ
-တခြားသူနှင့်မျက်ကပ်မှန်မျှဝေသုံးခြင်းမပြုရ

မျက်ကပ်မှန်နှင့်ဆက်စပ်ပစ္စည်းများ
*မျက်ကပ်မှန်ကို *
-တခါအသုံးပြုပြီးတိုင်းမျက်ကပ်မှန်ဆေးရည်ဖြင့်ပွတ်တိုက်ဆေးကြောပါ။ ရေ၊တံတွေးအစရှိသည်တို့ဖြင့်မဆေးရ
-ရေထဲတွင်မစိမ်ထားရ
-သတ်မှတ်ရက်ကျော်လွန်၍အသုံးမပြုရ
မျက်ကပ်မှန်ထည့်သောဗူးကို
-မျက်ကပ်မှန်ဆေးရည်ဖြင့်သာဆေးရမည်။ရေဖြင့်မဆေးရ။သန့်သောတစ်သျှူးဖြင့်သုတ်ပြီးမှောက်၍ခြောက်သွေ့အောင်ထားပါ။အဖုံးဖြုတ်ထားပါ။
-သုံးလတစ်ကြိမ်လှဲလှယ်ပါ
မျက်ကပ်မှန်ဆေးရည်ကို
-အဟောင်းထဲသို့အသစ်လောင်းထည့်ခြင်းမပြုလုပ်ရ ။အသစ်နှင့်အဟောင်းရောမသုံးရ
-ဆရာဝန်ညွန်ကြားသောဆေးရည်ကိုသာအသုံးပြုရန်

မျက်စိဆရာဝန်နှင့်တိုင်ပင်ရန်
-မျက်ကပ်မှန်အသုံးပြုရ၍သင့်မသင့်ကို မျက်စိဆရာဝန်နှင့်စမ်းသပ်ပြီးမှအသုံးပြုသင့်သည်
-တစ်နှစ်တခါသို့မဟုတ်ဆရာဝန်ညွန်ကြားသောအချိန်အတိုင်းမျက်စိပုံမှန်စစ်ဆေးသင့်သည်
-မျက်ကပ်မှန်တပ်ထားစဉ် မျက်စိနီခြင်းနာခြင်း အမြင်ဝါးခြင်းများဖြစ်လျှင် မျက်ကပ်မှန်ကိုချွတ်၍ဆရာဝန်နှင့်အမြန်ဆုံးကုသမှုခံယူပါ

ပါဝါအတွက်မျက်ကပ်မှန်တပ်သောသူများ လိုအပ်၍မျက်ကပ်မှန်မသုံးရသောအခါမျိုးအတွက် မျက်မှန်အပိုတစ်လက်အမြဲဆောင်ထားပါ

၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
၀၉-၂၅၉ ၃၆၃ ၀၆၀ သို့ဆက်သွယ်၍ကြိုတင် booking လုပ်ထား
နိုင်ပါပြီ။

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *