လူသားတွေမှာ ဘာကြောင့်မျက်လုံးနှစ်လုံးပါတာလဲ?

အင်းဆက်ပိုးမွှားတွေကတော့ Compound Eyesလို့ခေါ်တဲ့စုပေါင်းမျက်လုံး ရှိကြပေမယ့် ကျွန်ုပ်တို့လူသားတွေမှာ မျက်လုံးနှစ်လုံးသာရှိပါတယ်။
ဒါပေမယ့် ပုံရိပ်တစ်ခုတည်းကိုပဲမြင်ရပါတယ်။ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကိုရရှိဖို့ မျက်လုံးများက အတူတကွ အလုပ်လုပ်ကြပါတယ်။ ဒီလိုမျိုးမျက်လုံးနှစ်လုံးက ရလာတဲ့အမြင်တွေက များစွာသော အကျိုးကျေးဇူးများကိုရရှိစေပါတယ်။ အဲဒီထဲက တစ်ခုကတော့ ကမ္ဘာကြီးကို သုံးဖက်မြင်ပုံရိပ် (3D) နဲ့ကြည့်ရှုနိုင်တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဦးခေါင်းမှာ ၇.၅ စင်တီမီတာကွာဝေးတဲ့အမှတ်နှစ်ခုမှာ ကျွန်ုပ်တို့ရဲ့မျက်လုံးတည်ရှိသောကြောင့် အတိမ်အနက် အကွာအဝေးကို မြင်နိုင်တာဖြစ်ပါတယ်။ မျက်လုံးတစ်လုံးချင်းစီက အရာဝတ္တု တစ်ခုကိုကြည့်တဲ့အခါမှာဆိုလျှင် မျက်လုံးရဲ့မြင်လွှာက မတူညီတဲ့ထောင့်ကနေ အနည်းငယ်ကွာခြားတဲ့ပုံရိပ်တွေကိုမြင်ရတာဖြစ်ပါတယ်။ အဲ့လိုမြင်ရတဲ့အချက်အလက်တွေကို လုပ်ဆောင်ပေးမည့် ဦးနှောက်ဆီပို့ပေးလုက်ပါတယ်။
တစ်စက္ကန့်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုမှာပဲ ဦးနှောက်က သုံးဖက်မြင်ပုံရိပ်အဖြစ် ကျွန်ုပ်တို့သိရှိအောင် လုပ်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။
ပုံ၏သုံးဖက်မြင်ရှုထောင့်ကကျွန်ုပ်တို့အားအရာဝတ္ထုများအကြားအကျယ်၊ အလျား၊ အတိမ်အနက်နှင့်အကွာအဝေးကို သိရှိစေနိုင်တာပဲဖြစ်ပါတယ်။

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *