မျက်စိအာရုံကြောရောင်ခြင်း

ဘာကိုခေါ်တာလဲ?

မျက်စိအာရုံကြောမကြီးဆိုတာ မျက်လုံးနှင့် ဦးနှောက်ကို ဆက်သွယ်သော အာရုံကြောဖြစ်ပါတယ်။
ထိုအာရုံကြောမကြီးတွင်ပါဝင်သော အာရုံကြောအစိတ်အပိုင်းများရောင်ခြင်းကို မျက်စိအာရုံကြောရောင်ခြင်းလို့ခေါ်ပါတယ်။
မျက်စိအာရုံကြောရောင်ခြင်းသည် အသက်အရွယ်ငယ်ရွယ်သူများတွင်ရုတ်တရက် အမြင်ဝါးသွားစေသော အကြောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါတယ်။


ဘာကြောင့်ဖြစ်တာလဲ?
အဖြစ်အများဆုံးအကြောင်းမှာ အာရုံကြောကို မိမိကိုယ်ခံအားဆဲများက ပြန်တိုက်သောကြောင့် ဖြစ်တတ်ပါတယ်။ ကလေးငယ်များမှာတော့ Virusများကြောင့် နေမကောင်းဖြစ်ပြီးနောက် နောက်ပိုင်းဖြစ်လာတတ်ပါတယ်။


ဘယ်လိုလက္ခဏာတွေပြနိုင်လဲ?
-မျက်စိတစ်ဖက် ရုတ်တရက် အမြင်ဝါးသွားခြင်း
-မြင်နေရသော အရောင်မှိန်သွားခြင်း
-မြင်နေရေသော အလင်းမှိန်သွားခြင်း
-မျက်လုံးလှုပ်သောအခါ မျက်လုံးအနောက်ဖက် အောင့်ခြင်းနာခြင်း
-လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေနွေးချိုးခြင်းစတဲ့ခန္ဓာကိုယ်အပူချိန်မြင့်သော အချိန်တွင် အမြင်ပိုဝါးခြင်းတို့ဖြစ်နိုင်ပါတယ်။
အများစုတွင်မျက်စိတဖက်တည်းသာဖြစ်သော်လည်း တစ်ခြို့တွင် နှစ်ဖက်စလုံးဖြစ်နိုင်ပါတယ်။
တစ်ခါတရံမျက်စိစမ်းသပ်တဲ့အခါမှာ ဘာလက္ခဏာကိုမှ မတွေ့ရဘဲ အကောင်းအတိုင်းထင်ရစေနိုင်တဲ့အတွက်ဆရာဝန်ကို ပြသတဲ့အခါမှာ မိမိခံစားနေရတဲ့လက္ခဏာကိုသေချာပေါ်လွင်အောင်ပြောပြတတ်ဖို့ လိုပါတယ်။


ရောဂါကို ဘယ်လိုရှာဖွေသတ်မှတ်မလဲ?
အဓိကအားဖြင့် လူနာရဲ့ ရောဂါရာဇဝင်နဲ့ဆရာဝန်စမ်းသပ်လို့တွေ့ရတဲ့ အချက်ပေါ်အခြေခံပြီးသတ်မှတ်ပါတယ်။
တစ်ခါတရံမှာတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေဆက်လုပ်ရတတ်ပါတယ်။
လိုအပ်တဲ့စစ်ဆေးမှုတွေကတော့…
MRI သံလိုက်ဓာတ်မှန်ရိုက်ခြင်း
Blood Test သွေးစစ်ဆေးမှုများ
OCT မျက်စိအာရုံခံလွှာပုံရိုက်ခြင်း
Visual Field Test မြင်ကွင်းစစ်ဆေးခြင်း
Visual evoked response အမြင်အာရုံကြောမ၏အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးခြင်းတို့ဖြစ်ပါတယ်။


ဘယ်လိုကုသမလဲ?
အာရုံကြောရောင်ခြင်းဖြစ်သူတွေရဲ့ ၉၀ရာနှုန်းလောက်က ကုသမှုမရှိခဲ့ရင်တောင်လပိုင်းလောက်အတွင်းမှာ ပျောက်ကင်းတတ်ပါတယ်။ တချို့မှာတော့ လက္ခဏာတစ်ချို့က ကျန်နေတတ်ပါတယ်။
မြန်မြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ ဆေးသွင်းကုသမှုပြုလုပ်ရနိုင်ပါတယ်။
ဘယ်လိုဆေးမျိုးမှာမဆိုကောင်းကျိုးဆိုးကျိုးကဒွန်တွဲနေတာဖြစ်တဲ့အတွက် ဆရာဝန်က လိုအပ်သလိုချင့်ချိန်ပြီးကုသပေးမှာဖြစ်ပါတယ်။


မျက်စိအမြင်နဲ့ ပတ်သတ်ပြီး ဘာဖြစ်နိုင်သေးလဲ?
အများစုကတော့ အမြင်အာရုံက ယခင်ကရှိခဲ့တဲ့အတိုင်းဖြစ်နိုင်ပေမဲ့တချို့မှာတော့ထိခိုက်တဲ့ဖက်က အမြင်ဆုံးရှံးသွားတာမျိုးဖြစ်နိုင်ပါတယ်။


ပျောက်သွားပီးရင် ထပ်ဖြစ်နိုင်သေးလား?
၃၅ ရာနှုန်းသော ပျောက်ကင်းသွားသူတွေက ၁၀နှစ်အတွင်းမှာ နောက်တစ်ကြိမ်ဖြစ်နိုင်ပါတယ်။နောက်တဖက်မှာလည်းထပ်ဖြစ်နိုင်ပါတယ်။ကိုယ်ခန္ဓာမှာရှိတဲ့တခြားအာရုံကြောတွေရောဆင်တဲ့ရောဂါတစ်မျိုးဖြစ်နိုင်ချေလည်း ၆၀ရာနှုန်းလောက် ကျန်ရှိတဲ့အတွက် ဂရုစိုက်ပြီးဆရာဝန်နဲ့လဲ ရက်ချိန်းအတိုင်းသွားရောင်ပြသသင့်ပါတယ်။

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *