ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား? အပိုင်း (၁) အမြင်ဝါးခြင်း

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား?
ဟုတ်ကဲ့ပါ၊ထိခိုက်စေပါတယ်။

မျက်စိကိုဘယ်လိုထိခိုက်နိုင်သလဲ?
၁။ အမြင်ဝါးခြင်း
၂။ အတွင်းတိမ်ဖြစ်ခြင်း
၃။ ရေတိမ်ဖြစ်ခြင်း
၄။ မျက်စိအမြင်အာရုံခံအလွှာထိခိုက်ခြင်း တို့ဖြစ်ပါတယ်။

၁။ အမြင်ဝါးခြင်း
သင့်မျက်စိကကြည့်ရတာဝါးလာတယ်ဆိုပြီးမျက်မှန်အသစ်တစ်စုံချက်ချင်းမလုပ်လိုက်ပါနဲ့ဦး။ ဆီးချိုများတက်နေလားဆိုတာအရင်စမ်းစစ်ကြည့်ပါ။ အချိုဓာတ်များနေတယ်ဆိုရင် မျက်စိတွင်းမှန်ဘီလူးကဖောလာပြီးကြည်ကြည်လင်လင်မမြင်ရတတ်ပါဘူး။ ဒီတော့အချိုဓာတ်ကိုသူ့ပုံမှန်သတ်မှတ်ထားသလောက်ရောက်အောင်ထိန်းနိုင်ရင်တော့ပြန်ပြီးကြည်လင်လာတတ်ပါတယ်။ ဒီလိုပုံမှန်ပြန်ဖြစ်ဖို့က ထိန်းနိုင်တဲ့အပေါ်မူတည်ပြီး ၃ လလောက်ထိကြာနိုင်ပါတယ်။ ဒီတော့ဆီးချိုရှိသူများ အမြင်ဝါးလို့ မျက်စိသွားစစ်ရင် ဆရာဝန်ကို ဆီးချိုရောဂါရှိတဲ့အကြောင်းပြောပြဖို့လိုပါတယ်နော်။ 

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား?
အပိုင်း (၁) အမြင်ဝါးခြင်း
အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း
အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း
အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း
အပိုင်း (၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *