ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား? အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း

၃။ ရေတိမ်ဖြစ်ခြင်း
မျက်စိထဲမှာလှည့်လည်နေတဲ့အရည်တွေဟာထွက်ပေါက်ပိတ်သွားခဲ့လျှင် အပြင်ကိုမထွက်နိုင်ဘဲ အထဲမှာစုပြီးဖိအားများလာတတ်ပါတယ်။ ဒီဖိအားက မျက်စိအတွင်းသွေးကြော၊အာရုံကြောတွေကိုဖိမိတဲ့အခါ အမြင်အာရုံပြောင်းလဲလာတတ်ပါတယ်။ ရေတိမ်အမျိုးအစားအမျိုးမျိုးရှိတဲ့အထဲမှာဆီးချိုကြောင့်ဖြစ်တဲ့ရေတိမ်ကတော့ကုသရန်ခက်ပါတယ်။ သူကသွေးကြောအသစ်တွေမျက်စိသူငယ်အိမ်ပေါ်မှာပွားလာပြီး ရေထွက်ပေါက်ပိတ်တဲ့အတွက် သူ့ကိုကုဖို့ကသွေးကြောတွေကို လေဆာဖြင့်ဖြတ်တောက်ခြင်း၊ ခွဲစိတ်ခြင်းတို့ပြုလုပ်ရတတ်ပါတယ်။ရေတိမ်ရဲ့မကောင်းတဲ့အချက်ကပျက်စီးသွားပြီးတဲ့အမြင်အာရုံကိုပြန်ကောင်းလာအောင်လုပ်လို့မရဘဲမပျက်စီးသေးတဲ့အပိုင်းကိုပိုမပျက်သွားအောင်ထိန်းထားနိုင်ရုံပဲကုသလို့ရတာဖြစ်တဲ့အတွက်သတိထားပြီးအမြဲစစ်ဆေးနိုင်ဖို့အရေးကြီးပါတယ်။
ရေတိမ်ကြောင့်ဖြစ်တတ်တဲ့လက္ခဏာတွေကတော့
⁃ မျက်စိကိုက်ခြင်း
⁃ ခေါင်းကိုက်ခြင်း
⁃ အမြင်ဝါးခြင်း
⁃ မျက်ရည်ပူကျခြင်း
⁃ အလင်းရောင်ကြည့်လျှင်ဘေးတွင်အလင်းရောင်အကွင်းမြင်ရခြင်း
⁃ မျက်စိအမြင်ကွယ်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှိသူတွေဟာမျက်စိစစ်ဆေးခြင်းကိုအနည်းဆုံးတစ်နှစ်တစ်ခါလောက်လုပ်သင့်ပါတယ်။

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား?
အပိုင်း (၁) အမြင်ဝါးခြင်း
အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း
အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း
အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း
အပိုင်း (၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *