ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား? အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း

၄။အမြင်လွှာထိခိုက်ခြင်း
မျက်စိအနောက်ခန်းမှာရှိတဲ့အမြင်လွှာကပြင်ပမှအလင်းတန်းတွေကိုလက်ခံပြီးပုံရိပ်အဖြစ်ပြောင်းကာအမြင်အာရုံကြောမှတဆင့်ဦးနှောက်နဲ့ဆက်သွယ်ပေးတဲ့အပိုင်းဖြစ်ပါတယ်။သူ့ကိုထောက်ပံ့နေတဲ့သွေးကြောလေးတွေပျက်စီးခဲ့ရင်အမြင်အာရုံလွှာထိခိုက်ပြီးအမြင်အာရုံဆုံးရှုံးတဲ့အထိဖြစ်တတ်ပါတယ်။

ဆီးချိုသမားတွေမှာသွေးတွင်းအချိုဓာတ်များခြင်း၊အတက်အကျမြန်ခြင်းတို့ကြောင့်သွေးကြောလေးများပျက်စီးတတ်ပါတယ်။ ဆီးချိုကြောင့်အမြင်အာရုံလွှာထိခိုက်ခြင်းပုံစံအမျိုးအစားများ၊အဆင့်သတ်မှတ်ချက်များရှိပါတယ်။အကြမ်းဖျင်းအားဖြင့် သွေးကြောပျက်စီးကာစမှာ မျက်စိကမြင်နိုင်သေးတာမို့စောစောမသိနိုင်ပါဘူး။ သွေးကြောပျက်စီးရာက ကြာလာလို့သွေးကြောအသစ်တွေအစားထိုးလာရင် မျက်စိတွင်းနဲ့အမြင်လွှာပေါ်မှာသွေးယိုစီးမှုပိုများလာပြီးအမြင်ဝါးလာပါတယ်။ လိုအပ်တဲ့ကုထုံးမရခဲ့ရင် အမာရွတ်လိုကျန်ပြီးအမြင်ဆုံးရှုံးနိုင်ပါတယ်။

နောက်တစ်မျိုးကအမြင်လွှာအောက်ဖက်မှာအရည်စုလာပြီးအမြင်ဝါးလာတာပါ။ သူကလည်းလိုအပ်တဲ့ကုထုံးမရရင်အရည်ပိုပိုများလာပြီး နောက်ဆုံးမှာအမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။ ဒါတွေမဖြစ်အောင်သွေးတွင်းအချိုဓာတ်ကိုအတက်အကျမများစေဘဲထိန်းရပါမယ်။ လိုအပ်လာရင်လေဆာဖြင့်ကုသရခြင်း မျက်စိတွင်းဆေးထိုးကုသရခြင်းတွေနဲ့အချိန်မှီကုသနိုင်ဖို့လိုပါတယ်။

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား?
အပိုင်း (၁) အမြင်ဝါးခြင်း
အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း
အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း
အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း
အပိုင်း (၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *