ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား? အပိုင်း(၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?

၅။ ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?
ဆီးချိုရောဂါရှိသူတွေဟာမျက်စိစစ်ဆေးခြင်းကိုအနည်းဆုံးတစ်နှစ် တစ်ခါလောက်လုပ်သင့်ပါတယ်။

  • ဆီးချိုအမျိုးအစား(၁)ဖြစ်တဲ့သူတွေဟာအသက်အရွယ်အရငယ်ပေမယ့်ပိုစောပြီးဆီးချိုနောက်ဆက်တွဲလက္ခဏာတွေဖြစ်နိုင်တာမို့စောစောစစ်ပေးပါ။
  • ဆီးချိုအမျိုးအစား(၂)ကတော့ဖြစ်ပြီး ၅ နှစ်လောက်ကြာရင်စပြီးနောက်ဆက်တွဲလက္ခဏာတွေဖြစ်တတ်ပါတယ်။ တစ်ခုသတိထားရမှာက ဆီးချိုကစစ်လို့တွေ့တဲ့အချိန်မှာစဖြစ်တာ
    မဟုတ်ဘဲအရင်တုန်းကရင်းဖြစ်နေခဲ့တဲ့သူတွေဆိုရင် ၅ နှစ်ဆိုတာကမှန်းဆရခက်ပါတယ်။
  • ဆီးချိုဖြစ်နေတဲ့အမျိုးသမီးက ကလေးယူဖို့စဉ်းစားထားရင်ကိုယ်ဝန်မဆောင်ခင်မျက်စိစစ်ဆေးထားသင့်ပါတယ်။
  • နောက်ဆုံးတစ်ခုအနေနဲ့အောက်ပါလက္ခဏာများဖြစ်တဲ့
    ၁။ အပြင်မှာမရှိပေမယ့်ကိုယ့်မြင်ကွင်းထဲမှာအမည်းရောင်အစက်လေးတွေမြင်နေရင်
    ၂။ လျှပ်စီးလက်သလိုတွေမြင်နေရင်
    ၃။ မြင်ကွင်းကတစ်ဆက်ထဲမရှိပဲအစက်အပြောက်တစ်ခုကကွယ်နေသလိုမြင်ရရင်
    ၄။အမြင်ဝါးနေရင် မျက်စိဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသင့်ပါတယ်။

ကာကွယ်၍ရသောရောဂါများကြောင့်အမြင်ဆုံးရှုံးခြင်းကင်းဝေးကြပါစေ။

ဆီးချိုရောဂါကမျက်စိကိုထိခိုက်စေနိုင်လား?
အပိုင်း (၁) အမြင်ဝါးခြင်း
အပိုင်း (၂) အတွင်းတိမ်ဖြစ်ခြင်း
အပိုင်း (၃) ရေတိမ်ဖြစ်ခြင်း
အပိုင်း (၄) အမြင်လွှာထိခိုက်ခြင်း
အပိုင်း (၅) ဘယ်အချိန်တွေမှာစစ်ဆေးဖို့လိုမလဲ?

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *