မျက်စိအတွင်းစွံခြင်း

�လက္ခဏာများ
-မျက်ခွံအတွင်းအလုံးအကြိတ်ပေါက်ခြင်း
-မျက်ခွံယောင်ခြင်း တို့ဖြစ်တတ်ပါတယ်

�ဘာကြောင့်ဖြစ်လဲ-
-မျက်တောင်အနောက်ဖက်မှာ အဆီထုတ်တဲ့ပြွန်လေးတွေအကြောင်းကြောင်းကြောင့်ပိတ်သွားလို့ဖြစ်တာပါ

�ဘယ်လိုကုမလဲ-
-အတော်များများ သူ့ဘာသာသူပြန်ပျောက်သွားတတ်ပါတယ်
-တချို့ကတော့ အချိန်အတော်ကြာထိမပျောက်ပဲအလုံးအခဲလေးအနေနဲ့ကျန်နေတတ်ပါတယ်
-အဓိကအနေနဲ့ မျက်ခွံကိုရေနွေးဝတ်ဖြင့်အုပ်ပြီး အနည်းငယ်ချေပေးခြင်းဖြင့်အဆီတွေပျော်အောင်၁၀ မိနှစ်ခန့်လုပ်ပေးပါ။
-ထို့နောက်မျက်တောင်အရင်းနားတဝိုက်ကိုသုတ်ပေးခြင်းဖြင့်ပိတ်နေသောအဆီပြွန်များကိုသန့်ရှင်းအောင်လုပ်ပေးပါ။
-ဤနည်းအတိုင်းတစ်ရက်ကိုအနည်းဆုံးနှစ်ကြိမ်ခန့်လုပ်ပေးပါ။
-တခါတရံယောင်ယမ်းနေလျှင်ပိုးသတ်ဆေးမျက်စဉ်း၊သောက်ဆေးတို့ကိုသုံးပေးရပါတယ်
-အချိန်ကြာသည်ထိကျန်နေလျှင်တော့ မျက်စိဆရာဝန်နှင့်တိုင်ပင်ပြီးခြစ်ထုတ်ပေးရပါတယ်
-မျက်စိစွံနေစဉ်တွင် မိတ်ကပ်လိမ်းခြင်း၊ eyeliner ဆိုးခြင်း၊ မျက်ကပ်မှန်တပ်ခြင်းများမပြုလုပ်သင့်ပါ။

အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်
၈၃ လမ်း၃၄လမ်းထောင့်၊မန္တလေး၊
�၀၉-၂၅၉၃၆၃၀၆၀

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *