အနီးမှုန်ခြင်းဆိုတာ ဘာလဲ
– အနီးမှုန်ခြင်းဆိုတာ မျက်လုံးပုံမှန်ထက်တိုခြင်း၊မျက်ကြည်လွှာနှင့် မျက်စိအတွင်းမှန်ဘီလူးတို့အလင်းယိုင်အားနည်းခြင်းကြောင့်အလင်းဆုံချက်က အမြင်လွှာရဲ့အနောက်မှာရောက်နေလို့ဖြစ်ရတာပါ။
– အသက်ငယ်ရွယ်တုန်းမှာတော့အနီးမှုန်တာကို သိပ်မသိသာပေမယ့် ကြီးလာတဲ့အခါမှ ပိုပြီးသိသာလာပါတယ်။
အနီးမှုန်ခြင်း၏ လက္ခဏာတွေကတော့
-အဝေးကိုကြည့်ရင် ရှင်းရှင်းလင်းလင်းမြင်ရပေမယ့်အနီးကိုကြည့်ရင် ပြတ်ပြတ်သားသားမမြင်ရခြင်း
-အနီးကိုအာရုံစိုက်ရသောအလုပ်များလုပ်သောအခါ အမြင်ဝါးခြင်း၊ခေါင်းကိုက်ခြင်း၊မျက်လုံးအောင့်မျက်ရိုးကိုက်ဇက်ကြောတက်ခြင်းနှင့် ပင်ပန်းလွယ်ခြင်းမျိုးဖြစ်တတ်ပါသည်။
အနီးမှုန်ခြင်းကို ဘယ်လိုကုသနိုင်မလဲ။
အထက်ပါလက္ခဏာများဖြစ်နေလျှင် မှန်ဘီလူးအခုံးပါသောမျက်မှန်၊ မျက်ကပ်မှန် တပ်ပေးခြင်းဖြင့်ဆုံချက်ကိုအမြင်လွှာပေါ်ကျအောင်ပြုပြင်ပေးရပါတယ်။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်
၈၃ လမ်း ၃၄ လမ်းထောင့် မန္တလေး

