သူငယ်အိမ်စောင်းပါဝါ

သူငယ်အိမ်စောင်းပါဝါဆိုတာ
မျက်ကြည်လွှာ သို့မဟုတ် မျက်လုံးတွင်းမှန်ဘီလူးအခုံးမညီလို့တွေ့ရတဲ့ပါဝါဖြစ်ပါတယ်။
သူငယ်အိမ်ကစောင်းနေခြင်းမဟုတ်ပါ။

ဘာကြောင့်ဖြစ်လဲ။
မွေးရာပါဖြစ်နိုင်သလို မျက်စိ ထိခိုက်မိခြင်း၊တချို့သောမျက်စိရောဂါများနှင့်မျက်စိခွဲစိတ်ပြီးနောက်ပိုင်းမှာလည်းတွေ့ရပါတယ်။

လက္ခဏာတွေကတော့
အမြင်ဝါးခြင်း၊မျက်စိအောင့် မျက်ရိုးကိုက် ဇက်ကြောတက်ခြင်း၊ အာရုံစိုက်ကြည့်ပြီးလျှင်ပင်ပန်းလွယ်ခြင်းတို့ဖြစ်တတ်ပါသည်။အဝေးမှုန်အနီးမှုန်ခြင်းတို့နှင့် တွဲဖြစ်တတ်ပါသည်။

ဘယ်လိုကုသရမလဲ။
မျက်စိသေချာစမ်းသပ်ပြီး မျက်မှန်၊မျက်ကပ်မှန်တပ်ခြင်း၊လေဆာဖြင့်ပါဝါဖျောက်ခြင်းတို့ဖြင့်ကုသလို့ရပါတယ်။မျက်စိရောဂါကြောင့် ဖြစ်တဲ့မျက်ကြည်လွှာပုံမမှန်တာကိုတော့ သက်ဆိုင်ရာဆရာဝန်မှ ရောဂါပေါ်လိုက်ပြီး ကုသပေးလို့ရပါတယ်။

၈၃လမ်း၊၃၄လမ်းထောင့် မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *