မိုးရာသီမှာသတိပြုရမည့် မျက်စိကျန်းမာရေး
Eyecare for Rainy Season
မိုးရာသီမှာဆိုရင် မိုးစိုစိုနဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ပိုးမွှားများဟာလေထုစိုထိုင်းဆနဲ့အတူ ပိုမိုပေါက်ပွားကြပါတယ်။ ဒီလိုပိုးမွှားတွေက မျက်စိရောင်ရမ်းခြင်း၊ မျက်စိနာခြင်း၊ မျက်ကြည်လွှာအနာဖြစ်ခြင်းစတဲ့မျက်စိရောဂါတွေကိုဖြစ်ပွားစေပါတယ်။
ဒီရောဂါတွေရှောင်ရှားနိုင်မည်အချက်တချို့ကို မျှဝေပေးပါရစေ….
-သင်၏မျက်လုံးများကို ညစ်ပတ်သောလက်နဲ့ မထိပါနဲ့
-သင်၏ လက်ကိုင်ပုဝါ/မျက်နှာသုတ်ပုဝါတို့ကို တခြားသောသူတို့နဲ့မျှဝေမသုံးစွဲပါနဲ့
-သင်၏မျက်လုံးများကိုမကြာခဏမပွတ်သပ်ပါနဲ့
-သင့်၏မျက်စိအတွက်အသုံးပြုသည့်ဆေးဝါးများနှင့် မျက်ကပ်မှန်တို့ကို တခြားသောမည်သူနဲ့မှ မျှဝေသုံးစွဲခြင်းကိုမပြုလုပ်ပါနဲ့။
-သင့်၏မိတ်ကပ်ပစ္စည်းများကိုလည်းတခြားသူများနှင့်မျှဝေအသုံးမပြုပါနဲ့။
-မုတ်သုတ်လေ၊ ဖုန် စသည်များနှင့်ထိတွေ့မှုရှိနိုင်သောကြောင့် မျက်လုံးကိုအကာကွယ်ပေးနိုင်မည့်မျက်မှန်အသုံးပြုပါ။
-ရေကူးကန်ရေဟာ သင့်မျက်လုံးအား ဗိုင်းရပ်ပိုးမွှားများ တိုက်ခိုက်မှုမြှင့်တက်နိုင်သောကြောင့် ထိုမှကာကွယ်ရန် မိုးရာသီတွင် ရေကူးခြင်းမပြုပါနဲ့
ဒီအချက်တွေကို လိုက်နာပြီး မိုးရာသီမှာ သင့်မျက်လုံးအား ဂရုစိုက်နိုင်ပါစေ,,,,,,
see other post- click here
Like & Follow on Facebook – Ahlathit