မျက်မှန်တစ်လက်ဝယ်လျှင် သိသင့်သောအချက်များ

မျက်မှန်တစ်လက်ဝယ်တော့မယ်ဆိုရင် ဖက်ရှင်ကျသောဒီဇိုင်း၊မိမိနှင့်လိုက်မလိုက်ဆိုတာတွေကြည့်ကြပါတယ်။ အဲ့ဒါတွေထက်အခြေခံကျပြီး အရေးကြီးတာကတော့ ကိုယ်နဲ့မျက်မှန်ကသက်တောင့်သက်သာရှိပြီးအံဝင်ဂွင်ကျရှိနေဖို့လိုတာပေါ့နော်။ ဒီလိုဖြစ်ဖို့အတွက်မျက်မှန်ရွေးတော့မယ်ဆိုရင်ဒါလေးတွေသတိထားပေးပါ….

၁။ မျက်မှန်ဘေးလက်တံတွေက နားထင်ကိုဖိမနေစေရပါဘူး ဒါကြောင့် မျက်မှန်ဘောင်နှစ်ဖက်ကမျက်နှာထက်အနည်းငယ်ကြီးတာလေးကိုရွေးပါ။

၂။ မျက်မှန်ဘေးလက်တံအဆုံးပိုင်းအကွေးနေရာက နားရွက်ကိုဖိမနေစေရပါဘူး ဒါကြောင့် ဒီအကွေးနေရာလေးကနားထင်နဲ့နားရွက်အစပ်လေးကို နည်းနည်းကျော်နေရပါမယ်။

၃။ နှာထောက်နေရာက နှာခေါင်းအရင်းပိုင်းကိုညှစ်ထားသလိုမဖြစ်ရပါဘူး သတ္တုကိုင်းလေးတွေမှာ နှာထောက်ကို အကျဉ်းအကျယ်ညှိနိုင်ပါတယ်။

၄။ နောက်ဆုံးတစ်ချက်ကတော့ မျက်မှန်ကိုတပ်ကြည့်ပြီးအောက်ကိုငုံ့ကြည့်ရင် မျက်မှန်ကလျှောကျမလာရပါဘူး ဒီတော့မျက်မှန်ရွေးပြီ၊တပ်ကြည့်ပြီဆိုကတည်းက မျက်နှာငုံ့ကြည့်ခေါင်းကိုဘယ်ညာရမ်းကြည့်လို့မျက်မှန်နေရာအနေအထားမပြောင်းမှသာ အံဝင်ဂွင်ကျဖြစ်မှာဖြစ်ပါတယ်။

၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *