အဝေးမှုန်ခြင်းဆိုတာ ဘာလဲ
အဝေးမှုန်ခြင်းဆိုတာ မျက်လုံးက ပုံမှန်ထက်ပိုရှည်ခြင်း၊မျက်ကြည်လွှာပုံမှန်ထက်ခုံးခြင်းတို့ကြောင့် အလင်းရဲ့ဆုံချက်က အမြင်လွှာပေါ်မရောက်ဘဲ အရှေ့ကိုရောက်နေလို့ဖြစ်ပါတယ်။
အဝေးမှုန်ခြင်းကို ဘယ်လိုကုသနိုင်မလဲ။
ဒီလိုအခြေအနေမျိုးကို မှန်ဘီလူးအခွက် မျက်မှန်၊မျက်ကပ်မှန်တပ်ပေးခြင်းဖြင့် ဆုံချက်ကို အမြင်လွှာပေါ်ကျအောင်ပြုပြင်ပေးလို့ရပါတယ်။နောက်ဆုံးကုထုံးဖြစ်တဲ့လေဆာဖြင့် ပါဝါဖျောက်ခြင်းဖြင့်လည်းပြုပြင်လို့ရပါတယ်။
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

