896

မျက်စိအတွက်နေရောင်ခြည်၏အန္တရာယ်

ခုတလောမိုးကုန်ပိုင်းရောက်လာတာနဲ့ပဲ နေရောင်ရဲ့ဒဏ်ကိုစပြီးခံရပြီ ။အပြင်ထွက်လိုက်တာနဲ့ စူးရှတဲ့နေရောင်က မျက်စိတောင်မဖွင့်ချင်လောက်အောင်ဖြစ်မိတယ်နော်။ ဒါကြောင့်နေရောင်ခြည်ကမျက်စိကိုလည်းဘာတွေထိခိုက်စေသလဲဆိုတာလေးရေးပေးလိုက်ပါတယ်။ နေရောင်အများအပြားထိတွေ့ခြင်းဖြင့်မျက်စိမှာတော့ဆိုးကျိုးတွေရှိတတ်ပါတယ်။ ဒါကနေရောင်မှာပါတဲ့မမြင်နိုင်တဲ့UV အလင်းတန်းတွေနဲ့ အပြာရောင်အလင်းတွေကြောင့်ဖြစ်ရတာပါ။

ဘာတွေဖြစ်တတ်သလဲ

ရေတိုကာလအတွင်းမှာ

– မျက်ကြည်လွှာနေလောင်၍ယောင်ယမ်းခြင်း

– မျက်သားနေလောင်၍ယောင်ယမ်းခြင်းတွေဖြစ်တတ်ပါတယ် ဒါတွေကခဏအတွင်းမှာပြန်သက်သာနိုင်ပေမယ့်

ရေရှည်မှာတော့

– အတွင်းတိမ်

– မျက်သားတက်ခြင်း

– မျက်သားကင်ဆာ

– မျက်စိတဝိုက်အရေပြားကင်ဆာနဲ့အမြင်လွှာပျက်စီးခြင်းတို့ဖြစ်တတ်ပါတယ်

ဘယ်လိုကာကွယ်ကြမလဲ???

– အပြင်ထွက်လျှင် UV ကာတဲ့နေကာမျက်မှန်တပ်ခြင်း

– ထီး၊ဦးထုပ်ဆောင်းခြင်း တို့ဖြင့်ကာကွယ်သင့်ပါတယ်။

– ကလေးတွေရဲ့မျက်စိကလည်းနေရောင်ရဲ့ဒဏ်ကိုပိုပြီးခံစားရတတ်တဲ့အတွက် သူတို့လေးတွေကိုလည်းဂရုစိုက်ပြီးနေကာမျက်မှန် ဦးထုပ်တို့ဖြင့်ကာကွယ်ပေးသင့်ပါတယ်နော်။

၈၃လမ်း၃၄ထောင့် ၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *