မျက်စိခြောက်ခြင်း

မျက်စိခြောက်ခြင်းဆိုတာ မျက်ကြည်လွှာနဲ့မျက်သားတွေမှာအစိုဓာတ်နည်းသွားတာပါ။

လက္ခဏာများ

👉 မျက်စိပူခြင်း၊ စပ်ခြင်း၊ ယားခြင်း၊ နီခြင်း၊ ညောင်းခြင်း၊ ခိုးလို့ခုလုဖြစ်ခြင်း၊ မျက်ဝတ်ကပ်နေသလိုခံစားရခြင်း၊ အလင်းစူးမခံနိုင်ခြင်း နှင့် မျက်ရည်ပူကျခြင်း တို့သည် မျက်စိခြောက်ခြင်း၏ လက္ခဏာများ ဖြစ်သည်။

အဖြစ်များသောအကြောင်းအရင်းများ

👉 Computer, Phone screen ကြာရှည်စွာကြည့်ခြင်း
👉 ခြောက်သွေ့သောရာသီဥတု၊ လေအေးပေးစက်မှလေနှင့် မျက်လုံးကိုတိုက်ရိုက်ထိတွေ့ခြင်း
👉 မျက်ကပ်မှန်တပ်ခြင်း
👉 အသက်အရွယ်ကြီးရင့်ခြင်း
👉 ဆီးချိုရောဂါ ၊ အဆစ်အမြစ်ရောဂါ နှင့် အခြားသော ရောဂါများ ကြောင့်မျက်စိခြောက်ခြင်းဖြစ်စေနိုင်သည်။

လိုက်နာသင့်သောအချက်များ

👉 အပြင်ထွက်လျှင်နေကာမျက်မှန် (သို့မဟုတ်) ပါဝါမျက်မှန်တပ်ခြင်း
👉 အာဟာရမျှတအောင်စားသောက်ခြင်း (omega-3, ဗီတာမင် – A, D3, E)
👉 ရေကိုတရက် ၈-၁၀ ခွက်သောက်ပေးခြင်း
👉 (Humidifier) ရေငွေ့လွှတ်စက်ထားရှိခြင်း
👉 မျက်ရည်တုသုံးခြင်း
👉 20-20-20 rule ကျင့်သုံးခြင်း (phone, computer, tv screen ကို မိနစ် ၂၀ ကြည့်ပြီးတိုင်း အဝေးပေ ၂၀ ခန့်ကိုစက္ကန့် ၂၀ ကြာကြည့်ပေးခြင်းနှင့်
👉 မျက်တောင်မကြာခဏခပ်ပေးခြင်း တို့ကိုလိုက်နာသင့်သည်။

ရှောင်ရန်အချက်များ

👉 မလိုအပ်ပဲမျက်ကပ်မှန်ကြာရှည်စွာတပ်ခြင်း
👉 Computer, Phone screen များအချိန်ကြာကြာကြည့်ခြင်း
👉 ခြောက်သွေ့သောရာသီဥတု၊ (air cond) လေအေးပေးစက် လေနှင့် မျက်လုံးတိုက်ရိုက်ထိတွေ့ခြင်း
👉 မျက်စိဝေဒနာ တခုခုဖြစ်လာလျှင် ပေါ့ဆခြင်း နှင့်
👉 ဆေးလိပ်သောက်ခြင်း တို့ကိုရှောင်ကြဉ်ပါ။

ကုသနည်းများ

👉 အကြောင်းအရင်းပေါ်မူတည်ပြီးကုသရသဖြင့်ဆရာဝန်နှင့်ပြသတိုင်ပင်ကာ ဆောင်ရန်၊
ရှောင်ရန်တို့ကိုလိုက်နာသင့်သည်။

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *