မျက်စိကျိန်းနေလျှင် လိုက်နာသင့်သောအချက်များ
-မျက်စိကို လက်ဖြင့် မပွတ်ရ။
-ယားလျှင်နေရခက်လျှင် အဝတ်သန့်ကို ရေအေးစွတ်၍ မျက်စိပေါ်မှ အုပ်ပေးပါ။
-လက်ကို မကြာခဏဆေးကြောပါ။
-မျက်နှာသုတ်ပုဝါ မျက်စိသုတ်သော အဝတ်ကို တပါးသူနှင့် မျှမသုံးရ။
-ဖုန်ထူသောနေရာများကို ရှောင်ကြဉ်ပါ မလွှဲသာ၍သွားရလျှင် မျက်မှန်တပ်ခြင်းမျက်စိဆေးရည်ဖြင့် ဆေးကြောခြင်းများ ပြုလုပ်ပါ။
-ဆိုင်ကယ်မောင်းလျှင် ရှေ့နေကာမှန်ချ၍မောင်းခြင်းဖြင့် ဖုန်ဝင်ခြင်းကို လျော့ချနိုင်ပါသည်။
-ဆရာဝန်ပေးသော ဆေးကို အချိန်မှန် သုံးပါ။
-ပြင်ပမှ ဆေးဝယ်သုံးလျှင် steroid ပါဝင်သော ဆေးများကို ဆရာဝန် ညွှန်ကြားချက်မပါပဲ မသုံးဆွဲသင့်ပါ။
-ဆရာဝန်ပြပြီးသော်လည်း မသက်သာလျှင် ပိုယောင်ယမ်းလာလျှင် မျက်စိ အလင်းစူးလျှင် မျက်စိဝါးလာလျှင် နာကျင်လာလျှင် မျက်ဝတ်အဖြူအစိမ်းများ ထွက်လျှင် ဆေးခန်းပြန်ပြပါ။
၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။
