မျက်စိကျန်းမာရေးအတွက် လုပ်ဆောင်သင့်သော အချက်(၈)ချက်

1.တက်ကြွစွာနေပါ။
ဥမမာ-မနက်ခင်းတိုင်းတွင် လေ့ကျင့်ခန်းလုပ်ပေးခြင်းသည် အသက်အရွယ်ကြောင့်ဖြစ်တတ်သော အမြင်လွှာရောဂါကို နှောင့်နှေးစေပါသည်။

2.နေကာမျက်မှန် တပ်ပါ။
နေကာမျက်မှန်တပ်ခြင်းဖြင့် နေရောင်မှလာသောUV၊ခရမ်းလွန်ရောင်ခြည်များကိုကာကွယ်ပေးပါ၊

3.သင့်မျက်လုံးကို အနားပေးပါ။
Digital screen များအသုံးပြုနေစဉ် မိနစ်၂၀တစ်ကြိမ်စက္ကန့်၂၀ အနားပေးခြင်း ဖြင့် မျက်စိညောင်းညာခြင်းကို ကာကွယ်ပါ။

4.အစိမ်းရောင်အသီးအရွက်များကိုစားပါ။
အသီးအနှံ၊အစိမ်းရင့်ရောင်အရွက်များနှင့်Omega3(ငါးကြီးဆီ)တို့သည်မျက်စိခြောက်ခြ င်း ၊အမြင်လွှာပျက်စီးခြင်းနှင့်အခြားမျက်စိရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။

5.ဆေးလိပ်သောက်ခြင်းကိုရှောင်ကြည်ပါ။
ဆေးလိပ်သောက်ခြင်းဖြင့် အတွင်းတိမ်နှင့်မျက်စိရောဂါဖြစ်နိုင်ခြေမြင့်မားစေပါသည်။

6.လုပ်ငန်းခွင်သုံးမျက်မှန်တပ်ပါ။
မျက်စိထိခိုက်ဒဏ်ရာရမှုလျော့ကျစေရန် လုပ်ငန်းခွင်သုံးမျက်မှန်ကို တပ်ပါ။

7.ရေများများသောက်ပါ။
ရေဓာတ်ဖြည့်တင်းပေးခြင်းဖြင့် မျက်ရည်ထွက်နိုင်ပြီး မျက်စိစိုစွတ်နေစေပါသည်။

8.သင့်မျက်စိကိုပုံမှန်စစ်ဆေးပါ။
မျက်စိပုံမှန်စစ်ဆေးခြင်းဖြင့် မျက်စိရောဂါသာမက အခြားသောဆီးချို၊သွေးတိုးရောဂါများကိုပါစောစီးစွာ သိရှိနိုင်ပါသည်။

၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *