မှန်ကန်စွာ မျက်စဉ်းခတ်နည်း

၁။ဦးခေါင်းအနောက်ဘက်သို့မော့ထားပါ။
၂။အောက်မျက်ခွံကို အောက်ဘက်သို့အနည်းငယ်ဆွဲလိုက်လျှင်
မျက်ခွံအတွင်းပိုင်းသည်အိတ်ပုံစံဖြစ်လာမည်။
၃။မျက်စဉ်းဘူးကိုဇောက်ထိုးအနေအထားအတိုင်းထား၍ မျက်ခွံ
အိတ်လေးအတွင်းဝင်အောင်ထည့်ပါ။မျက်စဉ်းဘူးထိပ်အဝကို
မျက်စိနှင့်၊လက်နှင့်မထိမိအောင်ဂရုစိုက်ပါ။
၄။ထို့နောက်မျက်လုံးကိုပိတ်ထားပြီးမျက်လုံးနှင့်နှာခေါင်းဆုံချက်နေရာကို၂-၃ မိနှစ်ခန့်အသာလေးဖိထားပေးပါ
၅။မျက်လုံးပြန်မဖွင့်ခင်မျက်လုံးတစ်ဝိုက်ပိုနေသောမျက်စဉ်း၊မျက်ရည်များကိုသုတ်ပေးပါ။တစ်ချိန်တည်းမှာဘဲ မျက်စဉ်းတစ်မျိုးထက်ခပ်ရန်လိုအပ်လာပါက ဒုတိယမျက်စဉ်းမခတ်မီသုံးမိနစ်(သို့)ငါးမိနစ်ကြာစောင့်ပါ။

သတိပြုရန်အချက်များ

-မျက်စဉ်းဘူးမှ ညွှန်ကြားချက်များနှင့်သတိပေးချက်များကို ဖတ်ပြီးသတိပြုပါ။
-မျက်စဉ်းကို အခြားသူနှင့် မျှမသုံးပါနှင့်။
– မျက်စဉ်းမခပ်ခင်နှင့်ခပ်ပြီးလျှင်လက်ကိုစင်ကြယ်စွာဆေးကြောပါ။

၈၃လမ်း၊၃၄လမ်းထောင့်၊မန္တလေးမြို့။
အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်။

Leave a Reply

Your email address will not be published. Required fields are marked *