မျက်စိထိခိုက်စေနိုင်သောအလင်းရောင်

နေရောင်ခြည်ကမျက်စိအတွက်ဘယ်လိုဆိုးကျိုးတွေဖြစ်စေလဲဆိုတာသိပြီးရင်တော့ အခုမျက်စိအတွက်သတိထားသင့်တဲ့အလင်းရောင်အကြောင်းရေးပေးမယ်နော်
ခုဆိုရင်မျက်မှန်ဆိုင်တွေမှာ ကွန်ပျူတာ၊ဖုန်း အသုံးများတဲ့သူတွေအတွက် မှန်တွေကိုတွေ့လာရသလို ဖုန်းတွေမှာလဲဒီအလင်းရောင်ကာတဲ့ screen တွေ app တွေပေါ်လာတာတွေ့ရတယ်

ဘာအလင်းရောင်ဖြစ်မလဲ???

မိတ်ဆွေတို့နေ့စဉ်မြင်နေရတဲ့အလင်းရောင်ဟာအလင်းလှိုင်းအလျားမတူတဲ့ရောင်စဉ်အမျိုးမျိုးပေါင်းစပ်ပါဝင်နေတာပါ – အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊မဲနယ်၊ခရမ်းဆိုပြီးသိခဲ့ကြပါတယ် ဒီထဲက အပြာကနေခရမ်းအထိအလင်းရောင်တွေကလှိုင်းအလျားအတိုဆုံးဖြစ်ပြီးမျက်စိကိုထိခိုက်စေနိုင်တယ်လို့သိရပါတယ် အပြာရောင်တချို့ကတော့ခန္ဓာကိုယ်အတွက်ကောင်းကျိုးလေးတွေလည်းရှိပါတယ်

ဒီအလင်းရောင်တွေကိုဘယ်မှာတွေ့ရသလဲ?

နေရောင်၊အိမ်သုံးလျှပ်စစ်မီးချောင်း LED မီးသီး TV နဲ့အများစု အသုံးများတဲ့ ဖုန်း၊ကွန်ပျူတာအစရှိတဲ့ပစ္စည်းတွေကနေထုတ်လွှတ်ပါတယ်

ဘာတွေထိခိုက်တတ်သလဲ?

ဖုန်း၊ကွန်ပျူတာကြောင့် မျက်စိညောင်းခြင်းဟာဒီအလင်းရောင်ကြောင့်ဖြစ်ပါတယ်
အရွယ်မတိုင်ခင်မျက်စိအမြင်လွှာပျက်စီးခြင်းနဲ့သက်ဆိုင်မယ်လို့ထင်မြင်ချက်တွေရှိပါတယ်

ဘယ်လိုကာကွယ်ကြမလဲ?

အပြင်ထွက်လျှင် ထီး ဦးထုပ်ဆောင်းခြင်း၊ နေကာမျက်မှန်တပ်ခြင်း
ဖုန်း၊ကွန်ပျူတာသုံးလျှင် အပြာရောင်အလင်းကာသော screen၊app သုံးခြင်း
ကွန်ပျူတာကြည့်မျက်မှန်ခေါ်သော အပြာရောင်အလင်းကာသောမှန်ကိုတပ်ဆင်ခြင်း အစရှိသည်တိုဖြင့်ကာကွယ်နိုင်ပါတယ်

0.00 avg. rating (0% score) - 0 votes

Leave a Reply

Your email address will not be published. Required fields are marked *