ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောအကြောင်းအရာများ (၃)

(၃)မျက်စိခြောက်ခြင်း
မပြောမဖြစ်ပြောရမယ့်အကြောင်းလေးပါ
ဆောင်းတွင်းမှာတော့သာမန်အချိန်တွေထက်မျက်စိခြောက်လွယ်ပါတယ်
နဂိုကရင်းမျက်စိခြောက်လို့ကုသမှုခံယူနေသူတွေအတွက်တော့ပိုပြီးဂရုစိုက်ရမယ့်အချိန်ပါနော်
သာမန်လူတွေဆိုလည်းဆောင်းတွင်းကျမှမျက်ရည်တွေကျကျနေတယ်ဆိုတာမျိုးဟာမျက်စိခြောက်တဲ့လက္ခဏာထဲကတစ်ခုပါ
အပြင်ထွက်ရင်လည်းအေးပြီးခြောက်သွေ့တဲ့လေကမိတ်ဆွေတို့အသားအရည်၊နှုတ်ခမ်းအစရှိတာတွေကိုခြောက်သွေ့စေသလိုပဲ မျက်စိကိုလည်းခြောက်သွေ့စေပါတယ်
အိမ်ထဲမှာကွေးနေမယ့်သူတွေကရော TV၊ကွန်ပျူတာ၊ဖုန်းအစရှိတာတွေပိုသုံးဖြစ်မယ် ၊အနွေးဓာတ်ပေးမယ့် heaterတွေဖွင့်ထားမယ်ဆိုရင်တော့မျက်စိခြောက်တာကဖြစ်နိုင်ပါတယ်
ဘယ်လိုကာကွယ်ကြမလဲဆိုရင်တော့ အိမ်ထဲမှာတော့ အနွေးဓာတ်ကိုအများကြီးမတင်ထားပါနဲ့
အခန်းတွင်းရေငွေ့လွှတ်စက်လေးထားမယ်
မကြာခဏမျက်တောင်ခပ်ပေးမယ်
20-20-20 rule ဆိုတဲ့မိနှစ် ၂၀ ကြာအာရုံစိုက်ပြီးရင် စက္ကန့် ၂၀ လောက်အဝေးပေ ၂၀ ကိုကြည့်ပေးတာမျိုးတွေလုပ်ကြည့်လို့ရပါတယ်
အပြင်ထွက်မယ်ဆိုရင်တော့မျက်စိလေတိုးတာသက်သာအောင်မျက်မှန်တပ်သွားတာကောင်းပါတယ်
ဒါနဲ့မှမသက်သာရင်တော့မျက်ရည်တုမျက်စဉ်းလေးတွေသုံးဖို့လိုမလိုမျက်စိဆရာဝန်နဲ့တိုင်ပင်ကြည့်ပါနော်
မျက်စိခြောက်တယ်ဆိုဘယ်လိုတွေခံစားရတယ် ဘာတွေဖြစ်တတ်တယ်ဆိုတာလေးသိခြင်ရင်တော့ဒီ link လေးမှာဝင်ဖတ်ကြည့်လို့ရပါတယ်

ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောပြဿနာများ (၁)

ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောပြဿနာများ (၂)

Leave a Reply

Your email address will not be published. Required fields are marked *