ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သော အကြောင်းအရာများ(၁)

မုတ်သုံကနေဆောင်းကိုပြောင်းလာပြီဆိုတော့ ဆောင်းတွင်းမှာဖြစ်တတ်တဲ့မျက်စိနဲ့ဆိုင်တဲ့အကြောင်းလေးတွေရေးပေးမယ်နော်
ဆောင်းတွင်းမှာအပြင်ထွက်ရင်နေရောင်ပိုစူးရှပါတယ်။ဒါကတော့ဒီရာသီမှာကျတတ်တဲ့နှင်းနဲ့တချို့ရေခဲတဲ့နေရာတွေမှာရေခဲမျက်နှာပြင်ကအလင်းထပ်ပြန်စေပါတယ်။ဒါကြောင့်နေရောင်ကမျက်စိထဲကိုအပေါ်ကတိုက်ရိုက်ဖြစ်စေအလင်းပြန်မျက်နှာပြင်တွေကတဆင့်ဖြစ်စေအဖက်ဖက်ကပိုဝင်တဲ့အခါမျက်စိအလင်းစူးပါတယ်။
ဒီတော့မိတ်ဆွေတို့အပြင်ထွက်မယ်ဆိုရင်နေကာမျက်မှန်၊ဦးထုပ်၊ထီးတို့အကာအကွယ်နဲ့ထွက်သင့်ပါတယ်နော်။နေကာဆိုရင်လည်း UV ကိုအပြည့်ကာတဲ့အရည်အသွေးကောင်းတဲ့နေကာမျိုးတပ်သင့်ပါတယ်။
ဘာလို့မျက်စိကိုကာကွယ်ခိုင်းနေရသလဲဆိုတော့နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်နဲ့ အန္တရာယ်ရှိတဲ့အပြာရောင်အလင်းတွေကမျက်စိအတွက်ဆိုးကျိုးတွေရှိတတ်လို့ပါနော်။ အပြင်တိမ်၊အတွင်းတိမ်နဲ့ အမြင်အာရုံလွှာပျက်စီးစေနိုင်တဲ့အထိဆိုးကျိုးပေးတဲ့နေရောင်ကိုတတ်နိုင်သလောက်ကာကွယ်ကြရအောင်နော်။

ဆောင်းရာသီတွင် ဖြစ်တတ်သောမျက်စိနှင့် ပတ်သတ်သော အကြောင်းအရာများ (၂)

ဆောင်းရာသီတွင်ဖြစ်တတ်သောမျက်စိနှင့်ပတ်သတ်သောအကြောင်းအရာများ (၃)

နေရောင်ရဲ့အန္တရာယ်အကြောင်းမဖတ်ရသေးတဲ့သူများအတွက်ဒီ link ကလေးနှိပ်ပြီးဖတ်ကြည့်လို့ရပါတယ်
– နေရောင်ခြည်၏အန္တရာယ်
– မျက်စိထိခိုက်စေနိုင်သောအလင်းရောင်

အလှသစ်မျက်စိဆေးခန်းနှင့်မျက်မှန်ဆိုင်
၈၃ လမ်း၃၄လမ်းထောင့်၊မန္တလေး၊

Leave a Reply

Your email address will not be published. Required fields are marked *